မေတ္တာပြမှု ပေါ်လွင်လာသောအခါ
ဟဲလင်းန် လေမုန်တိုင်းကြောင့် အိုးအိမ်ပျက်စီးသွားသူများကို ကူညီပေးသည့် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတစ်ဦးက (အစောပိုင်းက ငိုယိုနေသည့်) အမျိုးသမီးတစ်ဦးအား “မင်းဘာလို့ငိုတာလဲ”ဟု မေးရာ၊ သူမက “အရာအားလုံး ဆုံးရှုံးသွားလို့ ကျွန်မငိုတာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာကို မြင်လိုက်ရလို့ ကျွန်မ ငိုတာပါ” ဟု ပြန်ဖြေလေသည်။
လိုအပ်နေသူများအား ကျွန်ုပ်တို့ကူညီရန် ဘုရားရှင်အလိုရှိပြီး၊ သူ့နှလုံးသားက သူ့ဆန္ဒကို ဖော်ပြနေသည်။ ဘုရားသခင်ကတိပြုထားသော ပြည်သို့ ဣသရေလလူမျိုးတို့မဝင်မီ ဘုရားသခင်၏ညွှန်ကြားချက်များကို မောရှေ မိန့်ကြားရာ၌ “ဆင်းရဲသောညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။ သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍၊ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှါးရမည်”(တရား ၁၅:၇-၈)ဟု ပြောခဲ့သည်။ ဆင်းရဲသားများအပေါ်ထားရှိသည့် သူတို့၏စိတ်ထားများသည် “သူတို့အား ပေးရမည်၊ ပေးသောအခါ နှမြောသောစိတ်မရှိရ”(၁၅:၁၀)ဟူသည့် ဘုရားသခင်၏စိတ်နှလုံးကို ထင်ဟပ်ပြရပါမည်။
ဆိုးရွားသောအခြေအနေများတွင်ဖြစ်စေ၊ နေ့စဉ်အသက်တာတွင်ဖြစ်စေ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ကြင်နာစွာ ပေးသနားသောကောင်းချီးများမှ လိုအပ်သူများကို…

ရေပန်းလား၊ ရေမြောင်းလား
တစ်ခါတစ်ရံ မမျှော်လင့်ထားဘဲနှင့် ထိုးထွင်းအတွေးအမြင်များ ပေါ်လာတတ်သည်။ မကြာမီက အမေရိကန်ဘောလုံးကစားသမား ထရာဗစ်စ်ခယ်လ်စ်(Travis Kelce)အကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရင်းမှ ထိုထိုးထွင်းအမြင်က ပေါ်လာသည်။ စိတ်ပျက်နေသောနည်းပြက သူ့အား “ဒီကမ္ဘာမှာ မင်းတွေ့ရတဲ့သူတိုင်းဟာ ရေပန်းလိုတွန်းတင်အားပေးသူဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင် စွမ်းအားတွေကို အလဟဿ စီးမျောစေတဲ့ ရေမြောင်းတွေပဲ”ဟု တစ်ခါက ပြောဖူးသည်။ ခယ်လ်စ်သည် မည်သို့သောသူဖြစ်သည်ကို သင်ခန့်မှန်းနိုင်မည်ပင်။
ကျွန်ုပ်တို့အားလုံး၌ ထိုအစိတ်အပိုင်းနှစ်ခုလုံး ရှိကောင်းရှိနိုင်ပြီး၊ မည်သည့်အချိန်၌မဆို ကျွန်ုပ်တို့သည် တစ်နည်းမဟုတ်တစ်နည်း အပြုသဘော (သို့) အပျက်သဘောပြုမူ တတ်သည်။ ယေရှုနောက်သို့လိုက်ရန် ကျွန်ုပ်တို့အား ခေါ်ယူစေစားခြင်း၏ အဓိပ္ပာယ်မှာ အပြုသဘောကို ပိုအလေးသာစေပြီး အပျက်သဘောကို လျှော့ချရန် ဖြစ်သည်။
ဖိလိပ္ပိ ၂ တွင် အလားတူ အယူအဆတစ်ခုကို တွေ့ရပြီး၊ ရှင်ပေါလုက ယေရှု၏ နှိမ့်ချမှုကို အတုယူပြီး၊ အခြားသူများကို အလေးထားရန် ကျွန်ုပ်တို့ကို စိန်ခေါ်ထားသည်။…
သေးငယ်သောအစပြုမှုများ
၁၈၄၈ ခုနှစ်တွင် အင်ဂျင်နီယာ ချားလ်စ်အလစ်ထ်ဂျူနီယာ (Charles Ellet Jr.)သည် နိုင်ယာဂရာရေတံခွန် ချောက်နက်ကိုဖြတ်၍ ပထမဆုံးတံတား မည်သို့စတင်တည်ဆောက်ရမည်ကို စဉ်းစားမရဖြစ်ခဲ့သည်။ မြစ်ကို ဖြတ်၍ သံကြိုးမည်သို့ချရမည်နည်း။ စိတ်ကူးယဉ်အိပ်မက်၏လှုံ့ဆော်မှုကြောင့် ချားလ်စ်သည် စွန်လွှတ်ပြိုင်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ဆယ်ကျော်သက် ဟိုမန်ဝေါ့လ်ရှ်(Homan Walsh)၏စွန်သည် မြစ်တစ်ဘက်ကမ်း ကနေဒါနိုင်ငံ၌ ဆင်းသက်သွားခြင်းကြောင့် ၅ ဒေါ်လာ အနိုင်ရရှိခဲ့သည်။ ဟိုမန်၏စွန်ကြိုးကို သစ်တစ်ပင်တွင် ချိတ်ကာ၊ မြစ်ကိုဖြတ်ပြီး ပေါ့သောကြိုးတစ်ချောင်းကို နောက်ပြန် ဆွဲခဲ့သည်။ ထိုနောက် လေးသောကြိုး၊ ထို့နောက် ပို၍လေးသောဝိုင်ယာကြိုးများ တစ်ဆင့်ပြီးတစ်ဆင့် နေရာချနိုင်ခဲ့သည်။ ဤအရာသည် နိုင်ယာဂရာရေတံခွန်ကြိုးတံတားတည်ဆောက်ခြင်း၏ သေးငယ်သောအစပြုခြင်း ဖြစ်သည်။
တံတားတည်ဆောက်ရာ၌ ကြုံရသည့်စိန်ခေါ်မှုများနှင့် မင်္ဂလာမရှိသော အစပြုခြင်းများက ဗာဗုလုန်ကျွန်ခံရာ ဘဝမှ ပြန်လွတ်လာပြီးနောက် ဘုရားသခင်၏ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်သူများ ရင်ဆိုင်ခဲ့သည့် အရာများကို ထင်ဟပ်ဖော်ပြနေသည်။…

ခန္ဓာစိတ်ဝိညာဥ် ငြိမ်ဝပ်ချမ်းသာခြင်း
အသက် ၅ နှစ် အရွယ် မီယာသည် မွေးနေ့ပါတီတွင် ကစား၊ မွေးနေ့သီချင်းဆို၊ ကိတ်မုန့်စား၊ သူမ၏သူငယ်ချင်းက လက်ဆောင်များ ဖွင့်ဖောက်သည်ကို ကြည့်ပြီး ဝမ်းမြောက်ပျော်ရွှင်ခဲ့သည်။ ထို့နောက် ကလေးများက အိမ်အပြင်၌ ကစားရန် ထွက်သွားကြရာ၊ မီယာသည် သူမ၏မိခင်အား “မေမေ သမီးအိမ်ပြန်မယ်” ဟု ပြောလိုက်သည်။ အိမ်ရှင်များအား ကျေးဇူးတင်နှုတ်ဆက်ပြီး၊ ကားမောင်းထွက်လာစဥ် မိခင်က မီယာအား သူမ မည်သည့်အရာကို အပျော်ဆုံးဖြစ်သနည်းဟု မေးရာ၊ မီယာက “အိမ်ပြန်တာ”ဟုပြောခဲ့သည်။ လမ်းတစ်ကွေ့မကွေ့မီမှာပင် ပြုံးပြုံးလေး ဖြင့် မီယာအိပ်ပျော်သွားသည်။
မိမိကိုယ်ကို ခြေကုန်လက်ပန်းကျနေမှန်း မသိလင့်ကစား၊ ကျွန်ုပ်တို့အားလုံးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာတို့၌ အနားယူရန် လိုအပ်သည်။ သခင်ခရစ်တော်အားဖြင့် ကယ်တင်ခြင်းသတင်းကောင်းနှင့် နေ့စဥ်ဝိညာဥ် ရေးရာငြိမ်ဝပ်မှုနှစ်ခုလုံးကို ကျွန်ုပ်တို့လက်ခံသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ခရစ်ဝောာ်အတွက် ကျွန်ုပ်တို့အသက်ရှင်နိုင်အောင် ဝိညာဥ်တော်သည် မစသည်ဖြစ်၍ ဘုရားသခင်ကလည်း…

ကောင်းကင်နိုင်ငံ၌ သိုထားသောရတနာဘဏ္ဍာ
ပထမဦးဆုံးအကြိမ် ပြည်ပခရီးသွားသူများသည် ပစ္စည်းပစ္စယများစွာ ယူသွားတတ်သည်မှာ ဖြစ်ရိုးဖြစ်စဥ်ဖြစ်သည်။ အဝေးတွင် တစ်စုံတစ်ရာ လိုအပ်မည်ကို ကြောက်ရွံ့စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ သို့သော် မကြာမီက ဆောင်းပါးတစ်ပုဒ်၌ အလွန်အကျွံ ပစ္စည်းသယ်သောပြဿနာနှင့်စပ်လျဥ်း၍ (ဟိုတယ်အများစု၌) ခေါင်းလျှော်ရည်၊ ဆံပင်ခြောက်စက်တို့ ရှိခြင်း၊ ဖိနပ်အပို၊ စာအုပ်များက အလွန်လေးခြင်းတို့ကြောင့် ၎င်းတို့ကို မသယ်ရန် အကြံပြုထားသည်။ ထို့ပြင် ဥရောပတစ်လွှားရှိ ကျောက်ခင်းလမ်းများပေါ်တွင် အလွန်လေးသော လက်ဆွဲအိတ်ကို တရွတ်တိုက်ဆွဲ၍ သွားရသောအခါ ပစ္စည်းနည်းနည်းပဲ ယူလာမိရင် ကောင်းသားဟု အတွေးဝင်မည်ဖြစ်ကြောင်း စာရေးသူက သတိပြုမိသည်။
“ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှ ယူ၍မသွားနိုင်...”(၁ တိ ၆:၇)ဟူသည့် ရှင်ပေါလု၏ခရီးသွားအကြံပေးချက်က အတိုင်းအတာတစ်ခုအထိ ဆီလျော်သော ဥပစာတစ်ခုဖြစ်ပြီး၊ ဤအချက်ကို ပိုင်ဆိုင်မှုများစွာရှိခြင်း ပြဿနာနှင့်တွဲ၍ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း...ထဲသို့ ကျရောက်တတ်ကြ၏”ဟု ဖော်ပြထားသည်။ ထို့အပြင် အပိုဇယားရှုပ်…

ဘုရားသခင်ကို အာရုံစိုက်ခြင်း
“အနည်းဆုံးတော့ အောင်သင့်တယ်”ဟု မေးခွန်းစာရွက်ကိုကိုင်ရင်း ဂျက်တွေးမိသည်။ သားကို သင်္ချာဘာသာရပ်တွင် ကူညီပေးခဲ့ပြီး၊ နောက်ပိုင်းတွင် အလုပ် တာဝန်ပိုများလာခြင်း၊ နိစ္စဓူဝအိမ်အလုပ်များကြောင့် အချိန်ယူပြီး အတူစာလုပ်ရန် ခက်သွားသည်။ စိတ်ဓာတ်ကျလျက် “လစ်ဆာ၊ မင်းကတော့ ဘယ်လို လုပ်ရမလဲဆိုတာသိတယ်။ ငါကတော့ မင်းလို အိမ်ထောင်ကို ကောင်းကောင်း မထိန်းသိမ်းနိုင်ဘူး”ဟု ကွယ်လွန်သွားသောသူ့ဇနီးကို သတိရမိသည်။
ပိုကြီးမားသောအတိုင်းအတာနှင့် ပြောရပါက ဤသို့စိတ်ဓာတ်ကျခြင်းသည် ဇေရုဗဗေလ ခံစားရသောအရာ ဖြစ်နိုင်သည်။ ဗာဗုလုန်ကျွန်ခံရာမှ ပြန်လာသည့် ဣသရေလလူမျိုးတို့အား ဗိမာန်တော်ပြန်တည်ဆောက်ရာ၌ ဦးဆောင်ရန် ဘုရားသခင်က ယုဒမြို့ဝန်အား စေစားခဲ့သည်။ “အသက်ကြီး၍ အရင်ဗိမ္မာန်တော်ကို မြင်ဘူးသော(သူ)...တို့သည် နောက်ဗိမာန်တော် တိုက်မြစ် ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏” (ဧဇ ၃:၁၂)။ ပိုသေးသော ဗိမာန်တော်ကို ပြန်တည်ဆောက်ရင်း ရှောလမုန်မင်း၏ ဘုန်းကြီးသောဗိမ္မာန်တော်ကို ပြန်မှတ်မိကြ၍ ဇေရုဗဗေလအပါအဝင် အားလုံး က…